ကျောင်းအုပ်ကြီး၏ နှုတ်ခွန်းဆက်စကား
ခါခဲဟာရှိသင်တန်းအကြောင်းကို စိတ်ဝင်တစားဖတ်ရှုပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။ ခါခဲဟာရှိသင်တန်းကျောင်းကို ၂၀၁၆ ခုနှစ်မှ စတင်တည်ထောင်ခဲ့ပြီး စတင်တည်ထောင်ချိန်မှစ၍ အခြေခံမှ အဆင့်မြင့်တန်းခွဲအထိ ဖွင့်လှစ်သင်ကြားခဲ့ပါတယ်။ ဂျပန်ဘာသာစကားလေ့လာသင်ကြားလိုသူများအတွက် အကောင်းမွန်ဆုံး သင်ရိုးညွှန်တမ်းများ၊ သင်ထောက်ကူများဖြင့် အစဉ်အမြဲပြုပြင်ပြောင်းလဲမှုများပြုလုပ်၍ ဂျပန်စာသင်ကြားရေးလောကသို့ ဝင်ရောက်လာခဲ့သည်မှာ ၃နှစ်ကျော်တိုင်ခဲ့ပြီဖြစ်ပါတယ်။ ၃ နှစ်တာ ကာလအတွင်း တက်ရောက်ခဲ့သော သင်တန်းသား ၃၀၀ ကျော်ရှိခဲ့ပြီး၊ လက်ရှိတွင် သင်တန်းသား ၁၅၀ ကျော် တက်ရောက်လျက်ရှိပါတယ်။ ဂျပန်နိုင်ငံနှင့်မြန်မာနိုင်ငံ၏ ဆက်ဆံရေးကောင်းမွန်တိုးတက်လာသည့်အလျှောက် ဂျပန်နိုင်ငံသို့သွားရောက်လိုသူများ နှစ်စဉ်များပြားလာလျက်ရှိပါတယ်။ မည်သည့်ရည်ရွယ်ချက်နှင့်မဆို ဂျပန်ဘာသာသင်ကြားမည့် ညီအကိုမောင်နှမများအတွက် ဂျပန်ဘာသာစကားကို စနစ်တကျ တတ်မြောက်သွားစေရေးသည် ခါခဲဟာရှိသင်တန်းကျောင်း၏အဓိကရည်မှန်းချက်ဖြစ်ပါတယ်။ ဂျပန်ဘာသာစကားကို စိတ်ဝင်စား၍ လေ့လာသင်ကြားလိုသည့် မည်သူမဆို ဂျပန်နှင့်မြန်မာကို ချိတ်ဆက်ပေးမည့် “ခါခဲဟာရှိ = ပေါင်းကူးတံတား” ဂျပန်သင်တန်းကျောင်းမှ အမြဲကြိုဆိုပါတယ်။
သင်တန်းအကြောင်း
တည်ထောင်သည့်ခုနှစ်
၂၀၁၆ ခုနှစ် ဇူလိုင်လ
တည်နေရာ
မန္တလေးမြို့
ကျောင်းအုပ်အမည်
ချစ်စုဝေ
သင်ကြားရေးဆရာ/မဦးရေ
၆ ဦး
တက်ရောက်ခဲ့သည့်ကျောင်းသားဉီးရေ
၃၀၀ ကျော်
စင်တာ ၁ လိုင်စင်အမှတ်
သင်တန်း/၁/၀၀၅
စင်တာ ၁ လိပ်စာ
အမှတ်(၂၄)၊ မြေညီထပ်၊ ကံ့ကော်လမ်း၊ ၂၂လမ်းx၂၃လမ်းကြား၊ ၈၈ x၈၉ လမ်းကြား၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့
ဝက်ဘ်ဆိုက်စာမျက်နှာ
မေးလ်လိပ်စာ
info@kakehashi-education-center.com
ချိတ်ဆက်ထားသောအေဂျင်စီ
Clover Mandalay Co., Ltd
ဒီဘက်နှစ်တွေမှာ ဂျပန်သွား အလုပ်လုပ်တာ ဂျပန်ပညာတော်သင်ကို ထောက်ပံ့ကြေးနဲ့သွားတာတွေ တော်တော်များလာပါတယ်။ဂျပန်စာသင်ကျောင်းတွေလည်း တော်တော်ကြီးကိုများလာပါတယ်။အဲဒီအတွက်ကြောင့် သေချာရွေးချယ်တက်ရောက်ဖို့လိုပါတယ်။kakehashi ဂျပန်စာသင်ကျောင်းကတော့ ဂျပန်စာကို အမှန်အကန်တတ်မြောက်အောင် သင်ကြားပေးတဲ့အပြင် ဂျပန်မှာအလုပ်လုပ်ရင် အလုပ်ခွင်အတွင်းအဆင်ပြေချောမွေ့စေဖို့အတွက် လုပ်ငန်းခွင်mannerများအပြင် လူမှုဆက်ဆံရေး၊ယဉ်ကျေးမှုများကိုပါ သေသေချာချာသင်ကြားပြသပေးပါတယ်။စာသင်ကြားနေစဉ်အတွင်းမှာလည်း သင်ထောက်ကူပစ္စည်းအပြည့်အစုံနဲ့ သင်ကြားပေးပါတယ်။ဂျပန်စာlevelတက်ရုံတင်မဟုတ်ဘဲ ဂျပန်စာကို အမှန်အကန် နားလည်တတ်မြောက်ရန်အတွက် သင်ရိုးများကို အသေအချာရေးဆွဲပြီး မိမိlevel အလိုက်တတ်မြောက်သင့်သည်များကို တတ်မြောက်အောင် textကို တစ်မျိုးတည်းတင်မဟုတ်ဘဲ up to date ဖြစ်သောtext များပါ ဖြည့်တင်းသင်ကြားပေးပါတယ်။ဂျပန်တွင် အလုပ်လုပ်ကိုင်နိုင်ရန်လည်း တိကျသေချာစွာပို့ဆောင်ပေးနိုင်သော agencyနဲ့ ချိတ်ဆက်ထားတာဖြစ်တဲ့အတွက်ကြောင့် ယုံကြည်စိတ်ချစွာ kakehashi ဂျပန်စာသင်ကျောင်းမှာ တက်ရောက်နိုင်ပါတယ်။