React for Absolute Beginners course မှာ HTML, CSS, UI/UX (Web Design Course), JavaScript Course နဲ့ React Course ဆိုပြီး course သုံးခု ပေါင်းစပ်ပါဝင်ပါတယ်။
Web Design Course မှာ basic HTML, CSS ကနေစပြီးတော့ web page တွေ တည်ဆောက်တာ၊ web design ရေးဆွဲတာတွေ UI/UX သဘောတရားတွေ၊ design concept တွေအထိ သင်ကြားပေးသွားမှာ ဖြစ်တဲ့အတွက် Web Developement ကို ခုမှစလေ့လာသူတွေအတွက် သင့်တော်ပါတယ်။ CSS Flexbox, Grid တို့နဲ့ UI/UX Concept တွေကို လက်တွေ့လေ့ကျင့်နိုင်မယ့် project ထည့်သွင်းပေးထားပါတယ်။
JavaScript course မှာတော့ programming basic ကစပြီး programming concept တွေ၊ coding style တွေ၊ best practices တွေ၊ logical thinking တွေ၊ problem solving skill တွေကို လေ့ကျင့်ပေးမှာ ဖြစ်ပါတယ်။ ဒီ course က programming အခြေခံလုံးဝမရှိတဲ့သူတွေအတွက်ပါ ရည်ရွယ်ပြီး design ဆွဲထားတဲ့အတွက် computer အခြေခံရှိရင်၊ internet သုံးတတ်ရင် ဒီ course ကနေတစ်ဆင့် front-end web development လောကထဲကို ဝင်ရောက်နိုင်မှာ ဖြစ်ပါတယ်။ ဒီ course မှာ basic concept တွေပြီးတဲ့အခါ project based approach နည်းလမ်းကိုသုံးပြီး သဘောတရားတွေ ပိုနားလည်အောင်၊ programming concept တွေနဲ့ JavaScript ကို ပိုနားလည်သွားအောင် လေ့ကျင့်သင်ကြားပေးသွားမှာပါ။ သင်တန်းသားတွေအနေနဲ့လည်း project တွေကို ကိုယ်တိုင်တည်ဆောက်ပြီး assignment လုပ်ရမှာ ဖြစ်ပါတယ်။
React course မှာတော့ React ရဲ့ essential building block တွေကစပြီး၊ component တည်ဆောက်ပုံတွေ၊ state management တွေ၊ lifecycle method တွေ၊ virtual dom အကြောင်းတွေကို အသေးစိတ် ရှင်းပြမှာဖြစ်ပါတယ်။ React ဆိုတာ front end JavaScript library တစ်ခု ဖြစ်ပြီးတော့ Facebook ကဖန်တီးထားပါတယ်။ React က web development ရဲ့ view layer ကို ရေးရလွယ်အောင် ပိုပြီး ထိရောက်အောင် လုပ်ပေးနိုင်တယ်။ အဓိက ကတော့ website တွေရေးပြီ၊ web app တွေတည်ဆောက်ပြီဆိုရင် အလုပ်တွင်အောင်၊ လူသက်သာအောင်၊ ထိရောက်အောင် React လို tool တွေကို သုံးပြီး တည်ဆောက်ကြပါတယ်။ JavaScript course က front-end web development ရဲ့ foundation လို့ ပြောလို့ရပြီးတော့ React course ကတော့ app တွေတည်ဆောက်တဲ့အခါမှာ တကယ်သုံးဖို့ လိုအပ်သမျှကို လေ့ကျင့်သင်ကြားပေးတဲ့ သဘောပါ။ ဒီ course မှာ React ရဲ့ သဘောတရားပိုင်းတွေနဲ့ ပါဝင်တဲ့ feature တွေကို အရင်ရှင်းပြပြီးတော့ React ကို သုံးပြီး app တွေကို တည်ဆောက်ပြမှာပါ။ သင်တန်းသားတွေကိုလည်း React နဲ့ app တွေတည်ဆောက်ဖို့ assignment တွေပေးမှာ ဖြစ်ပြီးတော့ Graduation Project အနေနဲ့ သင်တန်းသားတွေကိုယ်တိုင် app တစ်ခုကို အစအဆုံးတည်ဆောက်ရမှာပါ။ Graduation Project ကို ဆရာက စစ်ဆေးလက်ခံပြီးမှ သင်တန်းပြီးဆုံးကြောင်း certificate ကို ရရှိမှာပါ။ ဆိုတော့ သင်တန်းပြီးသွားပြီး ဘာမှမတတ်လိုက်တာတွေ၊ သိတော့သိလိုက်တယ် တကယ့် app တွေတော့ မရေးတတ်ဘူးဆိုတာတွေမဖြစ်အောင် Course တွေကို ပြင်ဆင်ထားပြီးတော့ သင်တန်းသားတွေအနေနဲ့လည်း လေ့လာပြီးသမျှကို လက်တွေ့ အသုံးချနိုင်မယ့်၊ လက်တွေ့ app တွေးရေးသားလေ့ကျင့်နိုင်မယ့် environment တစ်ခုကို ရရှိမှာပါ။