အွန်လိုင်းသင်ရိုးများ မိတ်ဆက်ခြင်း
ခါခဲဟာရှိသင်တန်းကျောင်းတွင် အွန်လိုင်းသင်ခန်းစာများကို သင်ကြားရန်စတင်ခဲ့ခြင်းမှာ ကိုရိုနာဗိုင်းရပ်ဖြင့် သင်တန်းတက်ရောက်ရန်ခက်ခဲမှုများမှ စတင်ခဲ့ပါသည်။ သင်တန်းကျောင်း၏ အွန်လိုင်းသင်ရိုးတွင် မည်သူမဆို အခက်အခဲမရှိ အလွယ်တကူ လေ့လာနိုင်စေရန် သေချာအချိန်ယူပြင်ဆင်ထားရှိသည့်အတွက် အတန်းအသစ်အနေဖြင့်ဖြစ်စေ၊ စာပြန်နွှေးလို၍ဖြစ်စေ၊ JLPT & Nat Test အစရှိသည့်စာမေးပွဲများဖြေရန်ဖြစ်စေ တက်ရောက်လိုသည့် မည်သည့်ကျောင်းသား၊ ကျောင်းသူများအတွက်မဆို သင့်လျော်ပါသည်။ သင်ကြားမှုများကို သင်တန်းကျောင်း၏ ဝက်ဘ်ဆိုက်စာမျက်နှာတွင် အကောင့်ဖြင့် ဝင်ရောက်၍ လေ့လာသင်ကြားရပါမည်။ သင်တန်းတက်ရောက်ရန်ပြင်ဆင်မှုအနေဖြင့် ဖုန်း (သို့မဟုတ်) ကွန်ပြူတာ၊ အင်တာနက် ရှိရန်လိုအပ်ပါသည်။ အချိန်မရွေး၊ နေရာမရွေး လေ့လာနိုင်သည့်အပြင် အတန်းတိုင်းတွင် ဆရာ၊ ဆရာမများနှင့်လည်း သင်တန်းချိန်အတွင်း ဆွေးနွေးတိုင်ပြင်ခြင်းများ ပြုလုပ်သွားရမည်ဖြစ်ပြီး၊ ပုံမှန်အတန်းတွင်း သင်တန်းတက်ရောက်သကဲ့သို့ အပတ်စဉ်၊ လစဉ် စာမေးပွဲများဖြေဆိုခြင်း၊ ဆရာ၊ ဆရာမများနှင့် စကားပြောများ လေ့ကျင့်ခြင်း၊အဖွဲ့လိုက် ဆွေးနွေးခြင်းများ ပြုလုပ်ရမည်ဖြစ်ပါသည်။ ဂျပန်ဘာသာစကားကို အမှန်တကယ်လေ့လာကြိုးစားလိုသူတိုင်း ခါခဲဟာရှိသင်တန်းကျောင်းမှ ကြိုဆိုလျက်ရှိပါသည်။
အွန်လိုင်းသင်ရိုးများ - JLPT N5
- သင်တန်းကာလ - ၃ လ
- စာသင်ချိန် နာရီပေါင်း - ၁၀၀
- သင်ရိုးစာအုပ် - KAKEHASHI N5 Course Book
- သင်တန်းကြေး - ၁၀၀၀၀၀ ကျပ် + (စာအုပ်ဖိုး 12000 ကျပ်)
ဂျပန်ဘာသာအရည်အချင်းစစ် စာမေးပွဲ N5 အတွက် သီးသန့် လေ့ကျင့်သင်ကြားပေးသောအတန်းဖြစ်ပါသည်။ Vocabulray, Kanji, Grammar, Listening, Reading အားလုံးကို သင်ကြားပို့ချမည်ဖြစ်ပြီး လေ့ကျင့်ခန်းများ၊ မေးခွန်းဟောင်း များ၊ နမူနာမေးခွန်းပုံစံများဖြင့် စာမေးပွဲဖြေဆိုနိုင်ရန် အဓိကလေ့ကျင့်သင်ကြားပေးသည့်အတန်းဖြစ်ပါသည်။ အခြေခံ Hiragana, Katakana ကို ကျွမ်းကျင်စွာရေးတတ်၊ ဖတ်တတ်သူများ တက်ရောက်နိုင်ပါသည်။
အွန်လိုင်းသင်ရိုးများ - JPLT N4
- သင်တန်းကာလ - ၃ လ
- စာသင်ချိန် နာရီပေါင်း - ၁၀၀
- သင်ရိုးစာအုပ် - KAKEHASHI N4 Course Book
- သင်တန်းကြေး - ၁၂၀၀၀၀ ကျပ် + (စာအုပ်ဖိုး 18500 ကျပ်)
ဂျပန်ဘာသာအရည်အချင်းစစ် စာမေးပွဲ N4 အတွက် သီးသန့် လေ့ကျင့်သင်ကြားပေးသောအတန်းဖြစ်ပါသည်။ Vocabulray, Kanji, Grammar, Listening, Reading အားလုံးကို သင်ကြားပို့ချမည်ဖြစ်ပြီး လေ့ကျင့်ခန်းများ၊ မေးခွန်းဟောင်း များ၊ နမူနာမေးခွန်းပုံစံများဖြင့် စာမေးပွဲဖြေဆိုနိုင်ရန် အဓိကလေ့ကျင့်သင်ကြားပေးသည့်အတန်းဖြစ်ပါသည်။ ဂျပန်ဘာသာအဆင့် N5 အောင်မြင်ထားသူများ တက်ရောက်သင့်သောအတန်းဖြစ်ပါသည်။
အွန်လိုင်းသင်ရိုးများ - JLPT N3
- သင်တန်းကာလ - ၄ လ
- စာသင်ချိန် နာရီပေါင်း - ၁၅၀
- သင်ရိုးစာအုပ် - KAKEHASHI N3 Course Book
- သင်တန်းကြေး - ၁၅၀၀၀၀ ကျပ် + (စာအုပ်ဖိုး 25000 ကျပ်)
ဂျပန်ဘာသာအရည်အချင်းစစ် စာမေးပွဲ N3 အတွက် သီးသန့် လေ့ကျင့်သင်ကြားပေးသောအတန်းဖြစ်ပါသည်။ Vocabulray, Kanji, Grammar, Listening, Reading အားလုံးကို သင်ကြားပို့ချမည်ဖြစ်ပြီး လေ့ကျင့်ခန်းများ၊ မေးခွန်းဟောင်း များ၊ နမူနာမေးခွန်းပုံစံများဖြင့် စာမေးပွဲဖြေဆိုနိုင်ရန် အဓိကလေ့ကျင့်သင်ကြားပေးသည့်အတန်းဖြစ်ပါသည်။ ဂျပန်ဘာသာအဆင့် N4 အောင်မြင်ထားသူများ တက်ရောက်သင့်သောအတန်းဖြစ်ပါသည်။
အွန်လိုင်းသင်ရိုးများ - JLPT N2
- သင်တန်းကာလ - ၅ လ
- စာသင်ချိန် နာရီပေါင်း - ၂၂၀
- သင်ရိုးစာအုပ် - KAKEHASHI N2 Course Book
- သင်တန်းကြေး - ၂၀၀၀၀၀ ကျပ် + (စာအုပ်ဖိုး 28000 ကျပ်)
ဂျပန်ဘာသာအရည်အချင်းစစ် စာမေးပွဲ N2 အတွက် သီးသန့် လေ့ကျင့်သင်ကြားပေးသောအတန်းဖြစ်ပါသည်။ Vocabulray, Kanji, Grammar, Listening, Reading အားလုံးကို သင်ကြားပို့ချမည်ဖြစ်ပြီး လေ့ကျင့်ခန်းများ၊ မေးခွန်းဟောင်း များ၊ နမူနာမေးခွန်းပုံစံများဖြင့် စာမေးပွဲဖြေဆိုနိုင်ရန် အဓိကလေ့ကျင့်သင်ကြားပေးသည့်အတန်းဖြစ်ပါသည်။ ဂျပန်ဘာသာအဆင့် N3 အောင်မြင်ထားသူများ တက်ရောက်သင့်သောအတန်းဖြစ်ပါသည်။
အွန်လိုင်းသင်ရိုးများ - JLPT N1
- သင်တန်းကာလ - ၅ လ
- စာသင်ချိန် နာရီပေါင်း - ၂၂၀
- သင်ရိုးစာအုပ် - KAKEHASHI N1 Course Book
- သင်တန်းကြေး - ၂၅၀၀၀၀ ကျပ် + (စာအုပ်ဖိုး 28000 ကျပ်)
ဂျပန်ဘာသာအရည်အချင်းစစ် စာမေးပွဲ N1 အတွက် သီးသန့် လေ့ကျင့်သင်ကြားပေးသောအတန်းဖြစ်ပါသည်။ Vocabulray, Kanji, Grammar, Listening, Reading အားလုံးကို သင်ကြားပို့ချမည်ဖြစ်ပြီး လေ့ကျင့်ခန်းများ၊ မေးခွန်းဟောင်း များ၊ နမူနာမေးခွန်းပုံစံများဖြင့် စာမေးပွဲဖြေဆိုနိုင်ရန် အဓိကလေ့ကျင့်သင်ကြားပေးသည့်အတန်းဖြစ်ပါသည်။ ဂျပန်ဘာသာအဆင့် N2 အောင်မြင်ထားသူများ တက်ရောက်သင့်သောအတန်းဖြစ်ပါသည်။