2020 ဒီဇင်ဘာလအတွက် အွန်လိုင်းတန်းခွဲခေါ်ယူခြင်း
ခါခဲဟာရှိကို အစဉ်အမြဲကြည့်ရှုပေးကြသော သင်တန်းသူ၊ သင်တန်းသားများနှင့် မိတ်ဆွေများအားလုံးပဲ မင်္ဂလာပါ။ 🙏 🔔 ခါခဲဟာရှိတွင် တတိယအကြိမ်မြောက် အွန်လိုင်းသင်တန်းအသစ်ဖွင့်လှစ်သင်ကြားမည်ဖြစ်ကြောင်း အသိပေးအပ်ပါတယ်။ 🔔ကိုဗစ်ကြောင့် အိမ်မှာနေရင်း တိုးတက်မှုများ ဆက်လက်ရှာဖွေနေသူများ၊ အနာဂတ်မှာ ဂျပန်နိုင်ငံကိုသွားရောက်ဖို့အတွက် ကြိုတင်ပြင်ဆင်၍ ဂျပန်ဘာသာစကားကိုလေ့လာလိုသူများ၊ လေ့လာဆဲများအဆက်မပြတ်သွားလိုသူများအတွက် Kakehashi Japanese Language Center ရဲ့ အွန်လိုင်းသင်တန်းမှ ကြိုဆိုလိုက်ပါတယ်။ 🔔 လက်ရှိတွင် ဂျပန်နှင့်ပတ်သတ်သော အလုပ်အကိုင်အခွင့်အလမ်းများ များပြားလာသည်နှင့်အမျှ ဂျပန်စာတတ်မြောက်မှု level သည်လည်း အရေးကြီးလာပါတယ်။ ထို့အတူ အခြေခံမှစတင်၍ စနစ်တကျ သင်ယူလေ့လာနိုင်သည့် သင်တန်းကျောင်းများ ရွေးချယ်မှုသည်လည်း အလွန် အရေးကြီးပါတယ်။ 📣 ကျွန်တော်တို့၏ ခါခဲဟာရှိသင်တန်းကျောင်းတွင် စနစ်ကျသော အွန်လိုင်းနည်းစနစ်များဖြင့် ဂျပန်ဘာသာ N2နှင့်အထက် အတွေ့အကြုံရှိ ဆရာမများမှ အခြေခံရေးနည်းဖတ်နည်းမှစ၍ အဆင့်မြင့်အတန်းများအထိ သေချာတိကျစွာသင်ကြားပေးနေပြီဖြစ်ပါတယ်။ 📣 Kakehashi Japanese Language Center သည် ဂျပန်ဘာသာသင်ကြားရေးကို စနစ်တကျရေးဆွဲထားသော curriculum များနှင့် uptodate ဖြစ်သော စာအုပ်များကို အသုံးချသင်ကြားလာခဲ့သည်မှာ ၄နှစ်တိုင် ရှိခဲ့ပြီဖြစ်ပြီး၊ သင်တန်းသားပေါင်း ၃၀၀ ကျော်ကို မွေးထုတ်လာခဲ့ပြီဖြစ်ပါတယ်။ 📣 ဂျပန်နိုင်ငံသို့သွားရောက်လိုသူများအတွက် သင်တန်းကျောင်းမှ ချိတ်ဆက်ထားသော 🍀 Clover Mandalay အေဂျင်စီမှတဆင့် ချိတ်ဆက်ပို့ဆောင်လာခဲ့ပြီး အလုပ်သင်၊ ကျွမ်းကျင်များအတွက် N5, N4 နှင့် ကျွမ်းကျင်စာမေးပွဲပြင်ဆင်မှုတန်းခွဲများ သီးသန့်ဖွင့်လှစ်သင်ကြားလျက်ရှိပါသည်။ အွန်လိုင်းသင်တန်းတွင် သင်ကြားနေသည့်ပုံစံမှာတော့......... 📕အခြေခံရေးနည်း၊ ဖတ်နည်းများကို အတန်းထဲတွင် သင်ကြားသကဲ့သို့ အရေးအသားများကို Application မှ တဆင့် ပြသ၍ ကျောင်းသား/သူများ ရေးသားထားသည်များကို Zoom Video Calling ဖြင့် တိုက်ရိုက် စစ်ဆေးသင်ကြားခြင်း 📕 ဆရာ/ဆရာမများနှင့် သင်တန်းသူများ နေ့စဉ်သင်ကြားမှုအတွက် Zoom Classroom မှ တဆင့် တိုက်ရိုက်ခေါ်ဆိုသင်ကြားခြင်း 📕သင်တန်းကျောင်း၏ Website နှင့် Application တွင် မိမိ၏ကိုယ်ပိုင်အကောင့်တစ်ခု ဖွင့်လှစ်ပေးထား၍ မိမိစိတ်ကြိုက်အချိန်တွင် လေ့လာနိုင်သော၊ Download ဆွဲ၍ ရနိုင်သော Video များဖြင့် သင်ကြားခြင်း 📕ပုံမှန်စာသင်ကြားချိန်များအပြင် စကားပြောအချိန်များ သီးသန့်ထားရှိပြီး level တူညီသော သူများနှင့် Zoom Breakout Room များတွင် တွေ့ဆုံ၍ စကားပြောများ လေ့ကျင့်ပေးခြင်း 📕အိမ်စာနှင့် အခြားသော မေးမြန်းမှုများအတွက် Slack Application မှ တဆင့် Channel များခွဲ၍ ဆွေးနွေးသင်ကြားခြင်း 📕JLPT စာမေးပွဲများဖြေဆိုရန်အတွက်သာမက ဂျပန်ဆိုင်ရာ ဗဟုသုတများရရှိစေရန် ဂျပန်အကြောင်းဗဟုသုတများ စုစည်းထားသော ဒေတာများကို သင်တန်းများ၏ အကောင့်မှ ဝင်ရောက်၍ ဖတ်ရှုနိုင်၍ ဗဟုသုတများရရှိစေခြင်း 📕 သင်ရိုးများသည် uptodate ဖြစ်ပြီး အကြောင်းအရာ၊ အချက်အလက်ပြည့်စုံသည့် ဂျပန်ဘာသာစာအုပ်များဖြင့်သာ သင်ကြားခြင်း 📕 အွန်လိုင်းစာမေးပွဲစစ်ဆေးခြင်းပုံစံဖြင့် စာမေးပွဲများလည်း လစဉ်ဖြေဆိုရခြင်း- တို့ ပါဝင်ပါတယ်။ ဘယ်လိုလူတွေ တတ်ရောက်သင့်သလဲဆိုတော့... 👍 သင့်လျော်သောသင်တန်းကြေးဖြင့် စနစ်တကျသင်ယူလိုသူများ 👍 Self-Study ကောင်းကောင်းလုပ်နိုင်သူများ 👍 သင်တန်းတက်ရောက်ပီးသော်လည်း ပြန်လည်လေ့ကျင့်လိုသူများ 👍 အလုပ်တဖက်ဖြင့် မိမိစိတ်ကြိုက်အချိန်တွင် လေ့လာလိုသူများ တက်ရောက်ရန် အထူး တိုက်တွန်းချင်ပါတယ်။ ⭕️ ဖွင့်လှစ်သွားမည့်အတန်းများ 🔸JLPT N5, JLPT N4, JLPT N3, JLPT N2 🔸Tokutei Food Industry Course ⭕️ သင်တန်းကာလ 🔸JLPT N5 - 3လကြာ 🔸JLPT N4 - 3လကြာ 🔸JLPT N3 - 4လကြာ 🔸JLPT N2 - 5လကြာ 🔸Tokutei Food Industry Course - 3 လကြာ ⭕️ zoom ဖြင့်သင်ကြားမည့်အချိန် 🔸JLPT N5 - 9:00 ~ 10:00 ( Mon ~Fri ) 🔸JLPT N4 - 10:30 ~ 11:30( Mon ~ Fri ) 🔸JLPT N3 - 2:30PM ~ 3:30PM( Mon ~Fri ) 🔸JLPT N2 - 4:00PM ~ 5:00PM ( Mon ~ Fri ) 🔸Tokutei Food Industry Course - 1:00 ~ 2:00( Mon ~ Wed) 📌 စတင်မည့်ရက် - 14.12.2020 (တနင်္လာ) 📌ဖောင်ပိတ်ရက် - 10.12.2020 (ကြာသပတေး) ️❗️သင်ကြားရာတွင် ပိုမိုထိရောက်မှုရှိစေရန် လူဦးရေကန့်သတ်၍ သင်ကြားပါသည်။ ️❗️ကြိုတင်စာရင်းပေးရန်အတွက် အောက်ပါလင့်ခ်မှတဆင့် လျှောက်လွှာကို ဝင်ရောက်ဖြည့်စွက်ရန်လိုအပ်ပါသည်။ 👉 https://forms.gle/vzK8TBGWioD2xyn4A ☑️ ဖောင်ဖြည့်ထားသူများကို သင်တန်းကျောင်းမှ သင်တန်းကြေးသွင်းရန်အကောင့်များ ဆက်သွယ်ပေးပို့ပါမည်။ ☑️ သင်တန်းကြေးလက်ခံရရှိကြောင်းစစ်ဆေးသိရရှိလျှင် အွန်လိုင်းသင်တန်းအတွက် လိုအပ်သည်များ လုပ်ဆောင်ရန် သင်တန်းကျောင်းမှ ဆက်သွယ်၍ အသေးစိတ်ကို မေးဖြင့်လည်းကောင်း၊ ဖုန်းဖြင့်လည်းကောင်း အသီးသီး ဆက်သွယ်ပေးပို့လုပ်ဆောင်သွားပါမည်။ 🤝 ကိုဗစ်ကာလအလွန်မှာ သင့်ရဲ့အိပ်မက်များ အကောင်အထည်ဖော်ရန် ခါခဲဟာရှိသင်တန်းမှာ ယုံကြည်စွာအပ်နှံဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ 🤝 အားလုံးကို အွန်လိုင်းသင်ခန်းစာများမှာ ဆုံတွေ့ဖို့ စောင့်မျှော်နေပါမယ်နော်... 😊 🔴 သင်တန်းအကြောင်း စုံစမ်းလိုပါက အောက်ပါလိပ်စာများမှတဆင့်ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါတယ်။ 🇯🇵 ရုံးချိန် (8:00 AM ~ 5:00 PM) 🇯🇵 အမှတ် ၂၄၊ ကံ့ကော်လမ်း၊ ၂၂x၂၃ လမ်းကြား၊ ၈၈x၈၉ လမ်းကြား၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့ 🇯🇵 09 777 510 878 📧 kakehashi.center@gmail.com